Environment, Disasters & Accidents
ကော့သောင်း၌ တိမ်းစောင်နစ်မြုပ်ရန် ဖြစ်ပေါ်ခဲ့သော ရေယာဉ်အား ကယ်ဆယ်
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ကော့သောင်းမြို့မှ စစ်တွေမြို့သို့ ဘိလပ်မြေအိတ်များ တင်ဆောင်၍ထွက်ခွာလာသော ကုန်တင်ရေယာဉ် (MV-ပြည့်ဟိန်း)သည် ရာသီဥတုဆိုးရွားမှုကြောင့် တိမ်းစောင်းနစ်မြုပ်ရန်ဖြစ်ပေါ်ခဲ့ရာ ၎င်းရေယာဉ်ကို တပ်မတော်(ရေ)က ကယ်ဆယ်ရေးပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
MV-ပြည့်ဟိန်း ရေယာဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် ဇွန် ၂၄ ရက် ညပိုင်းတွင် အနောက်ဖရုံကာကျွန်းအနီး၌ ရေယာဉ်တိမ်းစောင်းနစ်မြုပ်ရန် အခြေအနေဖြစ်ပေါ်ခဲ့သဖြင့် လှေသား ၁၄ ဦးမှာ ရေယာဉ်မှစွန့်ခွာခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ဖြစ်ပွားရာသို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စီးအား စေလွှတ်ခဲ့ရာ ၎င်းကုန်တင်ရေယာသည် ရေစီးနှင့်မျောပါ၍ ဖရုံကာကမ်းခြေ ကျောက်တန်းပေါ်သို့ သောင်တင်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။တပ်မတော်(ရေ)မှ သောင်တင်နေသော လှေအားကယ်ဆယ်ရေးပြုလုပ်ကာ လှေသား ၁၄ဦးကိုရှာဖွေပြီး ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။(Xinhua)