Environment, Disasters & Accidents
စစ်တောင်းမြစ်ရေပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ တွင် စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိ

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
တောင်ငူမြို့နယ်နှင့် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးဇလမှ အကြံပြုချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)