Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အတွင်း တောင်မြေစာ ပြိုကျမှု ဖြစ်ပွား

တောင်မြေစာ ပြိုကျမှုကြောင့် မြေစာ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဓာတ်ပုံ- Myanmar Fire Services Department)

ရန်ကုန် ၊ သြဂုတ် ၃၁ ရက်(ဆင်ဟွာ)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကျင်မွာလ် ရပ်ကွက်တွင် ယနေ့သြဂုတ် ၃၁ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် တောင်မြေစာ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

တောင်မြေစာပြိုကျမှု ဖြစ်ပွား သဖြင့် (၁၆×၁၀×၉)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး မြေစာများ ပိကျလျှက် ရှိပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ ဖလမ်း မြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၂၃)ဦး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ အိမ်ထောင်သုံးပစ္စည်းများအား ရွှေ့ပြောင်း သယ်ယူခြင်း၊ မြေစာရှင်းလင်းရေးလုပ်ငန်းများအား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.