Connect with us

Environment, Disasters & Accidents

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မြေနိမ့်ပိုင်းနေရာများနှင့် ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေ၍ ရေလွတ်ရာသို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိ

တနသာင်္ရီတိုင်းဒေသကြီး ရှိရေကြီးသည့် မြို့နယ်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဇူလိုင်လ ၁၆ ရက် ညနေ ၅ နာရီက မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေ၏ သာမန်မြစ်ရေအထက် ၁၈ ပေ ၁ လက်မအထိ ကျော်လွန်ရောက်နေပြီ ဖြစ်သဖြင့် မြေနိမ့်ပိုင်းနေရာများနှင့်ကျေးရွာ အချို့ရေကြီးနစ်မြုပ်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ချောင်းကြီးရပ်ကွက် ရွှေလိပ်ပြာလမ်း၊ ချောင်းငယ်ရပ်ကွက် မြသီတာလမ်းဆုံနေရာနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာများ၊ မြို့နယ်စီမံကိန်း ဝန်ထမ်းအိမ်ယာနှင့် (၁၂)ခန်းတွဲ ဝန်ထမ်းအိမ်ရာနေ ဝန်ထမ်းများ၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု-လယ်တောင်ယာ ကျေးရွာတို့၌ မြစ်ရေကြီးမှုကြောင့် ဝန်ထမ်းအိမ်ရာနေများနှင့် ဒေသခံပြည်သူများ မြစ်ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရန် ကြိုတင်ပြင်ဆင်မှုများ စီစဉ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.