Connect with us

Environment, Disasters & Accidents

တမူးမြို့ နန်းဖာလုံဈေး ဆိုင်ခန်း ၅၀၀ကျော်နှင့် နေအိမ် ၆လုံး မီးလောင်ဆုံးရှုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ နန်းဖာလုံဈေးကြီးသည် ဖေဖော်ဝါရီ ၇ ရက်နေ့ ည၁၁နာရီ ဝန်းကျင်က မီးစတင်လောင်ကျွမ်းရာ ဆိုင်ခန်းပေါင်း ၅၀၀ကျော် နှင့် ဈေးနှင့် ကပ်လျက်ရှိသော နေအိမ် ၆လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

“ ဈေးရုံအားလုံးနီးပါး မီးလောင်ပျက်စီးသွားတယ်၊ မီးက တအားများတယ်၊ ၂နာရီကျော်လောက် လောင်နေတာ၊ မီးကြွင်းမီးကျန်တွေကို ငြှိမ်းသတ်နေဆဲ”ဟု တမူးမြို့ခံတစ်ဦးက ပြောကြားသည်။

တမူးမြို့ နန်းဖာလုံဈေးကြီး မီးလောင်မှုအား မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ- MOI)

မြန်မာ-အိန္ဒိယနယ်စပ်ဈေးဖြစ်သည့် နန်းဖာလုံဈေး မီးလောင်မှုကို မြန်မာဘက်အခြမ်းမှ မီးသတ်ယာဉ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ရေသယ်ယာဉ်များအပြင် အိန္ဒိယနိုင်ငံမှ မီးသတ်ယာဉ်များအနေဖြင့်လည်းလာရောက်ပူးပေါင်းကူညီငြှိမ်းသတ်ပေးခဲ့ကြောင်း၊ မီးကူးစက် လောင်ကျွမ်းခြင်းမရှိသော ဆိုင်ခန်းအများအပြားလည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆိုသည်။အဆိုပါ ဈေးကြီး မီးလောင်ရခြင်း အဓိကအကြောင်းရင်းနှင့် ဆုံးရှုံးမှု တန်ဖိုးများအား လက်ရှိတွင် ရှာဖွေစစ်ဆေး တွက်ချက်နေကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.