Environment, Disasters & Accidents
မြစ်ကြီးနား မြို့တွင် နှစ်ပေါင်း ၅၁ နှစ် အတွင်း မတ်လ၏ မိုးရေချိန်စံချိန်သစ်တင်ရွာသွန်းခဲ့
ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
မြစ်ကြီးနား မြို့တွင် နှစ်ပေါင်း ၅၁ နှစ် အတွင်း မတ်လ၏ ၂၄ နာရီ အတွင်း ရွာသွန်းခဲ့သော မိုးရေချိန်စံချိန်သစ်အား တိုင်းထွာ ရရှိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
မူလ မိုးရေချိန်စံချိန်ဟောင်းမှာ ၃၃ မီလီမီတာ ရှိခဲ့ပြီး၊ မိုးရေချိန် စံချိန်သစ်မှာ ၃၇ မီလီမီတာ အထိစံချိန်ချိုးခဲ့ကြောင်း သိရသည်။
ယနေ့မတ်လ ၁၂ ရက် နံနက် (၀၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပလက်ဝမြို့ နှင့် ကျောက်တော်မြို့တို့တွင် (၂.၇၂)လက်မစီ၊ မြစ်ကြီးနားမြို့တွင် (၁.၄၅)လက်မ၊ မောင်တောမြို့တွင် (၁.၄၁) လက်မ၊ ဟားခါးမြို့ တွင် (၁.၂၂)လက်မ၊ ရေဦးမြို့တွင် (၁.၀၆)လက်မ၊ မြောက်ဦးမြို့တွင် (ဝ.၉၈)လက်မနှင့် မိုးကောင်းမြို့တွင် (ဝ.၈၃)လက်မတို့ ရှိကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)