Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်း ၊ တိုက်ကြီး မြို့ အနီး အင်အားရစ်(ခ်)တာစကေး ၅.၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်တွင် လှုပ်ရှားခဲ့သော မြေငလျင်၏ မြေပြင်ဗဟိုချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး ၊ တိုက်ကြီးမြို့၏ အနောက်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၈) အဆင့်ရှိ ၊အင်အား အသင့်အတင့်ရှိသောမြေငလျင်တစ်ခု ယနေ့ မတ် ၁၃ ရက် ၊ ညပိုင်း အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။

တိုက်ကြီး မြို့အနီး ဗဟိုပြု၍ လှုပ်ရှားသွားခဲ့သည့် မြေငလျင်ဒဏ်အား ရန်ကုန်မြို့နယ် အတွင်းရှိ အင်းစိန် ၊ လှိုင်သာယာ ၊ ဗဟန်း ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အပါအဝင် မြို့နယ် အများအပြားတွင် သိရှိ ခံစားရပြီး ဧရာဝတီတိုင်း ဒေသကြီး ၊ မအူပင် မြို့နယ်၌လည်း သိရှိ ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117