Connect with us

Environment, Disasters & Accidents

အချိန်အခါ မဟုတ် မိုးရွာနိုင်ခြင်း နှင့် လေပြင်းဘေး သတိပေးချက်များအပေါ် ပြည်သူများ သတိပြု လိုက်နာ ဆောင်ရွက်သင့်ဟုဆို

မြန်မာနိုင်ငံ အတွင်း မိုးရွာသွန်းနိုင်မည့် အခြေအနေကို မတ်လ ၉ ရက်က မိုးလေ၀သ တိုင်းထွာချက်အား တွေ့ ရစဉ်(ဓာတ်ပုံ-မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန)

ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ယခုရက်ပိုင်းတွင် အချိန် အခါ မဟုတ် မိုးရွာသွန်းနိုင်ခြင်း နှင့် လေပြင်းဘေး ကြိုတင် ပြင်ဆင်ရေး သတိ ပေးချက် များအပေါ် ပြည်သူများ သတိပြုပြီး အကြံပြုချက်များအား လိုက်နာ ဆောင်ရွက်သင့်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ယနေ့မတ် ၁၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့ အတွက် သီးနှံ ပျက်စီးဆုံးရှုံး မှုတွေ ဖြစ်လာနိုင်တဲ့ အတွက် ဒါတွေ အတွက်ကို ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် တို့၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းတို့မှာ မိုးရွာပြီ ဆိုရင် ဧရာဝတီ မြစ်တို့ချင်းတွင်းမြစ်တို့မှာ ရုတ်တရက် ရေတွေ တက်လာနိုင်တဲ့ အနေအထား ရှိတဲ့ အတွက် မြစ်ရေ အခြေအနေလဲ သတိပြုမိဖို့လိုပါတယ်။”ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောသည်။မိုးလေဝသတိုင်းထွာချက်များအရ နောက် ၅ ရက် အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနမှ အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်အဖြစ် မတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့အချိန်အခါ မဟုတ် မိုးရွာနိုင်ခြင်းသည် အနောက်ဘက်မှ ရွေ့လျားလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော် ဘက်မှ ရွေ့လျားလာသော လေနွေးများ စုဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း ဖြစ်ကြောင်း သိရသည်။ထို့အတူ နှစ်စဉ် မတ်လ၊ ဧပြီလနှင့် မေလများ၌ မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး လေပြင်းတိုတ်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်း နှင့် မိုးသီးကြြွေခင်းများ ဖြစ်ပေါ်တတ်ခြင်းများကြောင့် လေပြင်းဘေး ကြိုတင်ပြင်ဆင်နိုင်ရေး အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ထားသည်။

“လေပြင်းကတော့ ဒီကာလတွေမှာ မွန်းလွှဲ ၊ ညနေပိုင်းတွေမှာ လေပြင်း တိုက်တဲ့ ကာလ ဖြစ်တဲ့ အတွက် ကြောင့် နေ့ခင်းဘက်တွေမှာ နေ့အပူချိန်တွေ မြှင့်တက်လာရင်တော့ သတိပြုဖို့လိုပါတယ်။”ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ထည့်သွင်း ပြောကြားခဲ့သည်။ပြည်သူလူထုများအနေဖြင့် လေပြင်းဘေးအပြင် အခြားသဘာဝဘေး အ္တရာယ်ကြုံတွေ့ပါက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန(ရုံးချုပ်) -ဝ၆၇-၄ဝ၄၆၆၆ Hot Line No များ -ဝ၆၇-၄ဝ၄၇၇၇ – ဝ၆၇-၄ဝ၄၂၂၂ သို့အရေးပေါ် ဆက်သွယ် နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။၂ဝ၁၆ ခုနှစ်အတွင်း၌ လေပြင်း တိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ ပြိုကျပျက်စီးခြင်း၊ အမိုးလန်ခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ် ၁၅ ခု၊ မြို့နယ်ပေါင်း ၅၉ မြို့နယ်မှ လူဦးရေတစ်သိန်းခွဲ ခန့် ဘေးဒုက္ခကြုံတွေ့ခဲ့ကာ ၄၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရသည်။ (Xinhua)