Environment, Disasters & Accidents
မြန်မာနိုင်ငံပြင်ပ (အိန္ဒိယ-မြန်မာ နယ်စပ်) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား
![ငလျင်ပမာဏတိုင်းတာသည့် သင်္ကေတတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2017/08/images_mm_2017_08_17o1.jpg)
ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၀၈)မိနစ်၊ (၂၉) စက္ကန့်အချိန်တွင် မြန်မာနိုင်ငံပြင်ပ (အိန္ဒိယ-မြန်မာ နယ်စပ်) ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
၎င်းငလျင်သည် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၈၅) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြင်ပ (အိန္ဒိယ-မြန်မာ နယ်စပ်) ကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ပြင်ပတွင် လှုပ်ရှားသွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်တွင် သက်ရောက်မှုမရှိကြောင်း၊ ငလျင်၏ အင်အားမှာ လည်း အနည်းငယ်သာ ရှိသည့်အတွက် ပျက်စီးဆုံးရှုံးမှု မရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။ (Xinhua)