Connect with us

Environment, Disasters & Accidents

ထီးချိုင့်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကျောင်း၂၃ကျောင်း ခေတ္တပိတ်

ထီးချိုင့်မြို့ရှိ စာသင်ကျောင်းအတွင်း ရေများဝင်ရောက်နေစဉ် (ဓာတ်ပုံ-မြ၀တီ)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၂၃ ကျောင်း ခေတ္တပိတ်ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဧရာဝတီမြစ်ရေသည် သြဂုတ် ၆ ရက် နံနက် ၆ နာရီမှစတင်၍ မြင့်တက်လာရာ သြဂုတ် ၁၆ရက်နေ့တွင် ထီးချိုင့်မြို့၏ စိုးရိမ်ရေ အမှတ် (၇၄ဝ)စင်တီမီတာသို့ ရောက်ရှိလာမှုကြောင့် မြို့နယ်အတွင်း အနိမ့်ပိုင်းရှိ ကျောင်းများ ပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ကျောင်းများကို ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.