Connect with us

Environment, Disasters & Accidents

ကျောက်ဆောင်ကြား ညပ်၍ နွံနစ်နေသော တောဆင်ငယ် အား ကယ်ဆယ်ပြီး မိခင် ဆင်အုပ်ထံ ပြန်လည် ပို့မည်

ကယ်ဆယ် ထားရှိသည့် တောဆင်ငယ်အား တွေ့ ရစဉ်(ဓာတ်ပုံ- Forest Department)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ)

ပုသိမ်မြို့နယ် ချောင်းသာ ကြိုးဝိုင်း အတွင်း ဖိုးလွန်းချောင်းရှိ ရေစီးကြောင်း ကျောက်ဆောင်ကြားတွင် ညပ်၍ နွံနစ်နေသော ရက်သားအရွယ် တောဆင်ငယ်တစ်ကောင်အား ကယ်ဆယ် ထားရှိကာ မိခင် ဆင်အုပ် ထံသို့ ပြန်လည် ပို့ဆောင် နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုကျောက်ဆောင်ကြားတွင် ညပ်၍ နွံနစ်နေသော ရက်သားအရွယ် တောဆင်ငယ်အား သြဂုတ် ၁၆ ရက်တွင် သွားရောက် ကယ်ဆယ်ပြီး ငလိန်တလည်ရွာ၌ ခေတ္တပြုစု ထိန်းသိမ်းထားရှိခဲ့ကြောင်း ၊ ယင်းနေ့ ညနေပိုင်း အချိန်တွင် တောဆင်ငယ်ကလေး၏ မိခင် ဆင်မ ပါဝင် သည့် တောဆင်ရိုင်းများ ဆင်ငယ်နောက်သို့ လိုက်လာသည့် အသံများ ကြားနေရသဖြင့် မြန်မာ့ သစ်လုပ်ငန်းနှင့် ညှိနှိုင်း၍ မိခင် ဆင်အုပ် ထံသို့ ပြန်လည် ပို့ဆောင် နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်များအား တရားမဝင်ဖမ်းဆီးသတ်ဖြတ်ခြင်း နှင့် ယင်းတို့၏ အစိတ်အပိုင်းများအား လက်ဝယ် ထားရှိခြင်း ၊ သယ်ယူခြင်း နှင့် ရောင်းဝယ် ဖောက်ကားခြင်း များအား သစ်တောဦးစီးဌာနသည် စုံစမ်းဖော်ထုတ် ဖမ်းဆီး၍ ထိရောက်စွာ အရေးယူခြင်းများ အပြင် မူရင်းဒေသများတွင် အန္တရာယ် ကင်းရှင်းစွာဖြင့် သဘာဝ အတိုင်း နေထိုင် ကျက်စားနိုင်ရေး ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.