Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ်အတွင်း ရေကြီး ရေလျှံမှုကြောင့် ၅ မြို့နယ်၌ လူဦးရေ ၂၁,၀၀၀ ကျော် ရေဘေးသင့် ခံစားခဲ့ရ

ရခိုင် ပြည်နယ် အတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် မြို့နယ် ၅ မြို့နယ်တွင် လူဦးရေ ၂၁,၄၇၉ ဦးရေ ရေဘေးသင့် ခံစားခဲ့ရသဖြင့် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်၌ ဇူလိုင်လ ၄ ရက်မှ ၆ ရက် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဒီရေမြင့်တက်မှုများကြောင့် မြစ်ချောင်းများအတွင်း ရေမြင့်တက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ၇ ရက်အထိ ဘူးသီးတောင် မြို့နယ်၌ အိမ် ၉၀ လုံး ၊ လူဦးရေ ၄၂၈ ဦး ၊ အမ်းမြို့နယ်၌ အိမ် ၁,၁၄၅ လုံး ၊ လူဦးရေ ၄,၆၈၇ ဦး ၊ ကျောက်တော်မြို့နယ်၌ အိမ် ၁၃၀ လုံး၊ လူဦးရေ ၆၅၈ ဦး ၊ မြောက်ဦးမြို့နယ်၌ အိမ် ၇၇၁ လုံး၊ လူဦးရေ ၃,၆၉၆ ဦး နှင့် မင်းပြားမြို့နယ်တွင် အိမ် ၂,၈၉၃ လုံး၊ လူဦးရေ ၁၂,၀၁၀ ဦးတို့ ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုရေဘေးသင့် ပြည်သူများ အတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိပြီး ဘေးသင့်ဒေသများသို့ ဆန်၊ ခေါက်ဆွဲထုပ်၊ ကြာဆံထုပ်၊ ရေသန့်၊ ကြက်ဥနှင့် Family Kits များ၊ ရေသန့်ဆေးပြားများ ဆက်လက် ပေးပို့ ထောက်ပံ့ ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.