Connect with us

Environment, Disasters & Accidents

ပြည်တွင်းရှိ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်မည်

တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ပြည်တွင်းရှိ တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး လုပ်ငန်းများကို သားငှက် ထိန်းသိမ်းရေး အဖွဲ့နှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုလုပ်ငန်းများတွင် နို့တိုက်သတ္တဝါ မျိုးစိတ်များကို စာရင်း ကောက်ယူခြင်း၊ ဘေးမဲ့တော အတွင်း ကင်းလှည့် ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်းပေးခြင်း၊ လိပ် ထိန်းသိမ်းရေး စခန်းများ တည်ထောင်ခြင်းနှင့် မူရင်းနေရပ်သို့ ပြန်လည် လွှတ်ပေး၍ Radio Telemetry အသုံးပြု စောင့်ကြည့် လေ့လာခြင်း၊ အပင်မျိုး စိတ်သုတေသန လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမျိုးသား ဥယျာဉ် စီမံအုပ်ချုပ်မှု အတွက် စွမ်းရည် မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အာဆီယံနိုင်ငံများရှိ တိရစ္ဆာန် ဥယျာဉ်များနှင့် နည်းပညာ ဖလှယ်ခြင်း၊ နယ်စပ်ဒေသ၌ တောရိုင်း တိရစ္ဆာန်နှင့် ဆက်စပ်ပစ္စည်း တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်၍ ထိရောက်စွာ ဆောင်ရွက်ခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် မျိုးဆက် ပျက်သုဉ်းလု တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင် ပန်းမန်များ နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း (CITES) ကို ၁၉၉၇ ခုနှစ်တွင် ပါဝင် လက်မှတ်ရေးထိုး ခဲ့ပြီး အာဆီယံ ဒေသတွင်း တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်း ရောင်းဝယ်မှု တားဆီး နှိမ်နင်းရေး ကွန်ရက် (ASEAN-WEN) သို့လည်း ၂ဝဝ၅ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.