Connect with us

Environment, Disasters & Accidents

ပဲခူး မြစ်ရေ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သတိပေးချက် မိုး/ဇလ ထုတ်ပြန်

ပဲခူးမြို့ရှိ ပဲခူး မြစ်ရေ အခြေအနေအား တိုင်းထွာ ပြသမှုများ တွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန် ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ပဲခူး မြစ်ရေသည် နောက် ၂၄ နာရီ အတွင်း ပဲခူးမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ ပဲခူး မြို့နယ် အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူး ဂရုပြု နေထိုင်ကြရန် မြစ်ရေကြီးခြင်း သတိပေးချက်ကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ထုတ်ပြန်သည်။

ယနေ့ မြန်မာ စံတော်ချိန် ၃ နာရီခွဲ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခန့်တွင် ရောက်ရှိနေကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထို့အတူ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို ့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့နှင့် ကနီမြို့တို့တွင် စိုးရိမ်ရေမှတ် အသီးသီး ကျော်လွန်၍ ဆက်လက်တည်ရှိ နိုင်သဖြင့် ချင်းတွင်းမြစ်တစ်လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအား အထူးသတိပြု နေထိုင်ကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။ (Xinhua)