Environment, Disasters & Accidents
ရန်ကုန် မြစ်ဝ၌ ဗီယက်နမ် ကုန်တင်သင်္ဘောနှင့် ဆီတင် ရေယာဉ် တိုက်ကာ နစ်မြုပ်မှု ဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)
ရန်ကုန် မြစ်ဝ၌ ဗီယက်နမ် ကုန်တင်ရေယာဉ် M.V Thein Phu Silver နှင့် ဆီတင်ရေယာဉ် MT Ocean Osprey တိုက်ကာ နစ်မြုပ်မှု ဖြစ်ပွားကြောင်း တပ်မတော် (ရေ) မှ သတင်း ထုတ်ပြန်သည်။
ရန်ကုန်မြစ်ဝ လမ်းသာယာ မီးပြ အရှေ့တောင်ဘက် (၁) မိုင်ခန့် အကွာတွင် ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲ တစ်နာရီခန့်က ကျောက်ချ ရပ်နားထားသော ဗီယက်နမ် ကုန်တင်ရေယာဉ် M.V Thein Phu Silver သည် ကျောက်မျောကာ ၎င်းရေယာဉ်အနီးတွင် ကျောက်ချ ရပ်နားထားသော ဆီတင်ရေယာဉ် MT Ocean Osprey အား ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူက ဗီယက်နမ် ရေယာဉ်အမှုထမ်းများအား နှုတ်ဆက် အားပေးနေစဉ် (ဓာတ်ပုံ- Myanmar NAVY)
ယင်းတိုက်ခိုက်မှုကြောင့် ဗီယက်နမ် ကုန်တင်ရေယာဉ် M.V Thein Phu သည် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကာ ရေယာဉ် အမှုထမ်းများအား ဆီတင်ရေယာဉ် MT Ocean Osprey မှ အရေးပေါ် ကယ်ဆယ်ခဲ့ရပါသည်။
အဆိုပါ နစ်မြုပ်ရာ နေရာနှင့် မိုင် (၃၀) ခန့် အကွာတွင် တာဝန် ထမ်းဆောင်နေသော စစ်ရေယာဉ် (၅၅၇) မှ နစ်မြုပ်ရာ နေရာသို့ အမြန်ဆုံး သွားရောက်ကာ ဆီတင်ရေယာဉ် MT Ocean Osprey မှ ကယ်တင်ထားသော ဗီယက်နမ် လူမျိုး အမှုထမ်း (၁၄) ဦးအား လွှဲပြောင်း လက်ခံ၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မူများ ဆောင်ရွက်ပေးကာ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရပါသည်။ (Xinhua)