Connect with us

Environment, Disasters & Accidents

ဗီယက်နမ်ကုန်တင်သဘောၤ နစ်မြုပ်ခဲ့သည့် ဖြစ်စဉ်အား စစ်ဆေး၍ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည်

နစ်မြုပ်သွားသော ဗီယက္နမ္သေဘာၤေပၚမွ သေဘာၤသားမ်ားကို ဆီတင္သေဘာၤေပၚတြင္ ကယ္ဆယ္ထားစဥ္ (ဓာတ္ပုံ-ျမဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြစ်ဝ အနီးတွင် ဗီယက်နမ် ကုန်တင်သဘောၤ နစ်မြုပ်ခဲ့သည့် ဖြစ်စဉ်အား ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA)မှ ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေး၍ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့ ပင်လယ်ပြင် ရန်ကုန်မြစ်ဝ ရေကြောင်းပြ စခန်းအနီးတွင် ဗီယက်နမ် ဘိလပ်မြေတင် သင်္ဘောသည် ကျောက်ကြိုးပြတ်ပြီး ဆီတင်သင်္ဘော ကို ဝင်တိုက်ကာ ယင်း ကုန်တင်သင်္ဘော နစ်မြုပ်မှု ယမန်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည်။

နစ်မြုပ်သွားခဲ့သည့် ဗီယက်နမ် နိုင်ငံသားပိုင် MV DONG THIEN PHU SILVER ဘိလပ်မြေတင် သင်္ဘောပေါ်ရှိ သင်္ဘောသား ၁၄ ဦး အနက် ၁၃ ဦးအား အတိုက်ခံရသည့် ဆီတင်သင်္ဘော ပေါ်သို့ ရောက်ရန် ဆီတင် သင်္ဘောသား များက အမြန်ဆုံး ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ တစ်ဦးမှာမူ ပင်လယ်ထဲ မျောပါသွားခဲ့ကြောင်း၊ နစ်မြုပ်သည့် သင်္ဘောက ဦးပိုင်းလေးသာ ပေါ်နေသောကြောင့် တပ်မတော် (ရေ)မှ လာရောက်၍ နစ်မြုပ် သင်္ဘောတွင် ပါရှိသည့် နိုင်ငံခြားသား သင်္ဘောသား များအား အတိုက်ခံရသည့် ဆီတင်သင်္ဘော မှ တစ်ဆင့် ခေါ်ဆောင်ခဲ့ပြီး နန်းသီတာ ဆိပ်ကမ်းသို့ ည ၁၁ နာရီ မိနစ် ၄ဝ တွင်လာရောက် ပို့ဆောင်ကြောင်း သိရသည်။

“ ကျွန်တော်တို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ နစ်မြုပ်သွားတဲ့ သင်္ဘော ကိုယ်စားလှယ် တွေနဲ့ တာဝန်ရှိသူတွေက လက်ခံခေါ်ဆောင် သွားပြီး ပြုစု စောင့်ရှောက်လို့ အခုအချိန် မှာတော့ အားလုံးဒဏ်ရာ အနာတရမရှိ ကောင်းသွား ပါပြီ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးမှ ရေကြောင်း ဌာနမှူးချုပ် က ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ရန်ကုန်မြစ် ရေပိုင်နက် ရေမိုင် ၂၄ မိုင်အကျော် ပင်လယ်ဝမှ ၂ မိုင်ခွဲကျော်အကွာ လတ္တီတွဒ် ၁၆ ဒီဂရီ ၁၁.၉၅ မိနစ် (မြောက်) လောင်ဂျီတွဒ် ဝ၉၆ ဒီဂရီ ၁၉ ဒသမ ၄၉ မိနစ် (အရှေ့) တွင် ဗီယက်နမ် ဘိလပ်မြေတင် သင်္ဘောမှ ကျောက်ကြိုး ပြတ်မျောကာ မလှမ်းမကမ်း အကွာတွင် ကျောက်ချ ထားသော ဆီတင်သင်္ဘော ဦးပိုင်းအား ခါးလယ်ပိုင်းဖြင့် အရှိန်ပြင်းစွာ ဝင်ဆောင့် တိုက်မိခဲ့ရာ ခါးလယ်ပိုင်း သင်္ဘော ဝမ်းပေါက်၍ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဘောနစ်မြုပ်မှု ဖြစ်စဉ်အား ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (DMA) ဒေါပုံမှ သင်္ဘော ကျောက်ကြိုးပြတ် မျောပါမှုသည် နေ့လယ်ပိုင်း ဖြစ်ပြီး ယင်း အချိန်တွင် သင်္ဘောသား များ၏ တာဝန် ထမ်းဆောင်မှု၊ အရေးပေါ် ဆောင်ရွက်ချက် များ လိုက်နာမှု ရှိ မရှိတို့အား တာဝန်ရှိ သူတို့က စစ်ဆေး ဆောင်ရွက်ကာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.