Environment, Disasters & Accidents
သင်္ဃန်းကျွန်း၌ နေအိမ်နှစ်လုံး မီးလောင်မှု ကျပ် ၆၄သိန်းခန့် ဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၄)လမ်းရှိ နေအိမ် နှစ်အိမ် ဖေဖော်ဝါရီ ၁၃ ရက်က မီးလောင်မှုကြောင့် ငွေကျပ် ၆၄သိန်းခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ငမိုးရိပ်(၄)လမ်းရှိ နေအိမ်မှ အဲယားကွန်း Safe Guard မှတစ်ဆင့် လျှပ်စစ်ဝါယာကြိုးရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နှစ်ထပ်နေအိမ်တစ်လုံးနှင့် နှစ်ထပ်တိုက်တစ်လုံး၏ အိမ်အပေါ်ထပ်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင်အား သင်္ကန်းကျွန်းမြို့နယ် ရဲစခန်း၌ တရားဥပဒေအရအမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)