Connect with us

Environment, Disasters & Accidents

အင်းတော်ကြီးကန်အတွင်း ငှက်အကောင်ရေ တစ်သောင်းကျော်ကို စာရင်းကောက်ယူမှတ်တမ်းယူနိုင်

အင်းတော်ကြီးကန်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အင်းတော်ကြီးသဘာဝဘေးမဲ့တောကန်အတွင်း ပြီးခဲ့သည့်ဇန်နဝါရီလက ငှက်အကောင်ရေစာရင်းကောက်ယူမှုမှတ်တမ်းများအရ ငှက်အကောင်ရေပေါင်း ၁၇,၂၂၃ ကောင်ကို မှတ်တမ်းတင်စာရင်းကောက်ယူနိုင်ခဲ့ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WCS) ၏သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် အင်းတော်ကြီးသဘာဝဘေးမဲ့တောအတွင်း သစ်တောဦးစီးဌာန၊ Fauna & Flora International (FFI) ၊ အင်းချစ်သူခရီးသွားဝန်ဆောင်မှုအဖွဲ့နှင့် Mandalay in Bloom ခရီးသွားလုပ်ငန်းတို့ ပူးပေါင်းကာ ရေငှက်စာရင်းကောက်ယူ မှတ်တမ်းတင်မှုများပြုလုပ်ခဲ့ကြရာ ငှက်မျိုးစိပ်ပေါင်း ၁ဝ၁ မျိုးနှင့် ငှက်အကောင်ရေပေါင်း ၁၇,၂၂၃ ကိုစာရင်းကောက်ယူမှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ အဆိုပါ

ငှက်ကောင်ရေစာရင်းကို ရေ တိမ်ဒေသအဖွဲ့အစည်း Wetland International သို့ပေးပို့မည်ဖြစ်ကာထိုမှတစ်ဆင့်အာရှနိုင်ငံများမှ ကောက်ယူရရှိသော ရေပျော်ငှက် စာရင်းများပေါင်းစည်း၍ အရှေ့ အာရှ – သြစတြေးလျ- အာရှ လမ်းကြောင်းအတိုင်း ပျံသန်း သောငှက်မျိုးစိတ်များနှင့် အရေ အတွက်ကို မှတ်တမ်းတင်ထား ရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အင်းတော်ကြီးကန် သဘာဝဘေးမဲ့တောမှာ ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်တွင်တည်ရှိ ပြီး အရှေ့တောင်အာရှရှိ ကုန်းတွင်း ပိုင်း ရေကန်ကြီးများထဲမှတစ်ခု ဖြစ်ကာ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်က မြန်မာနိုင်ငံ၏ ဒုတိယ မြောက်ရမ် ဆာရေတိမ်ဒေသအ ဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သစ်တောဦးစီးဌာနမှတ်တမ်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.