Connect with us

Environment, Disasters & Accidents

သစ်တောနယ်မြေအတွင်း စည်းကမ်း မညီသည့် စိုက်ခင်းဧက ငါးသိန်း ခုနစ်သောင်းကျော် ပြန်လည် သိမ်းဆည်း

ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

နိုင်ငံပိုင် သစ်တော နယ်မြေအတွင်း လုပ်ကိုင်ခွင့်ပြုထားသည့် ပုဂ္ဂလိက စိုက်ခင်းများအနက် စာချုပ် စည်းကမ်းများနှင့် မကိုက်ညီသည့် စိုက်ခင်းပေါင်း ၅၇၀၂၇၀ ဧကတို့ကို နိုင်ငံတော်က ပြန်လည် သိမ်း ဆည်းခဲ့သည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ပြောကြားခဲ့သည်။

“သစ်တောဦးစီးဌာနက စီမံခန့်ခွဲမှုရှိတဲ့ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော သစ်တောမြေများတွင် ရာဘာ၊ ဆီအုန်းနဲ့ စက်မှု ကုန်ကြမ်း လုပ်ငန်းရှင်များအား စိုက်ခင်း တည်ထောင်ခွင့်ပြုပေးမှုဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၁ ရက်နေ့အထိ ၄၅၁၈၆၉ ဧက၊ ပုဂ္ဂလိက ကျွန်းနဲ့ သစ်မာ စိုက်ခင်း တွေက ၃၃၀၃၆၈ ဧက၊ စုစုပေါင်း ၇၈၂၂၃၇ ဧက ရှိပါတယ်၊ တကယ့် လက်တွေ့မှာ ဧက နှစ်သိန်း ကျော်ပဲ စိုက်ထားတာတွေ့ရလို့ စာချုပ် စည်းကမ်းများနဲ့မညီတဲ့ ၅၇၀၂၇၀ ဧကကို ပြန်လည် သိမ်းဆည်းခဲ့တယ်” ဟု ၎င်းက ပြောခဲ့သည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ “ စိုက်ပျိုးခွင့်ပြုပြီး မြေဧကနှင့် အညီ သတ်မှတ်ကာလအတွင်း အမှန် စိုက်ပျိုး ပြီးစီးမှု မရှိသည့် မြေများ၊ ခွင့်မပြုထား သည့် သီးနှံနှင့် အပင်များ စိုက်ထားသည့် မြေများ၊ ခွင့်ပြု သီးနှံ မစိုက်ဘဲ မမှန်မကန် ဆောင်ရွက်ထား ခြင်း၊ လက်ပြောင်းလက်လွှဲ ပြုလုပ်ခြင်း စသည့် စည်းကမ်းနှင့် မညီသော စိုက်ခင်းများ အတွက် မည်သို့အရေးယူ ဆောင်ရွက်ထားသနည်း၊ ” ဟူသည့် မေးခွန်းကို ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် တစ်နိုင်ငံလုံးရှိ ကြိုးဝိုင်း ကြိုးပြင် ကာကွယ်တောများအတွင်း ပုဂ္ဂလိက ရော်ဘာ၊ ဆီအုန်း၊ စက်မှုကုန်ကြမ်း သီးနှံ စိုက်ခင်း တည်ထောင်ခြင်းအား ခွင့်မပြုတော့ကြောင်းလည်း ၎င်းက ပြောကြားခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.