Environment, Disasters & Accidents
သုဝဏ္ဏရှိ ကိုရီးယားအထည်ချုပ် စက်ရုံ မီးလောင်မှုကြောင့် ကျပ်သိန်း ၇ဝဝဝ ကျော်ဖိုး ဆုံးရှုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက် ကမာကြည်လမ်းရှိ Yangon Pan. Pacific International ကိုရီးယား အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် ကျပ် သိန်း ၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
Yangon Pan. Pacific Internationalကိုရီးယားအထည် ချုပ်စက်ရုံသည် ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂ဝ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နံနက် ၆ နာရီ ၃၅ မိနစ် တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် အထည်ချုပ် စက်ရုံနှစ်ရုံနှင့် မော်တာအပ်ချုပ်စက် အလုံးရေ ၂ဝဝဝ ခန့်နှင့် အထည်အလိပ် ပိတ်အလုံးရေ ၁ဝ၇ဝဝဝ ခန့်တို့ မီးလောင် ခဲ့ကြောင်း၊ ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း ၇ဝဝဝ ကျော် ဆုံးရှုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။(Xinhua)