Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်

ကမ်းပြိုကာကွယ်ရေးဆောင်ရွက်မည့်နေရာတချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ လက်ဆောင်ယူကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာ များတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါကျေးရွာနှစ်ရွာ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက်

ပြည်ထောင်စုအစိုးရ၏ အရေးပေါ် ရန်ပုံငွေမှ ငွေကျပ်သန်း ၁၅ဝဝဝ သုံးစွဲ၍

ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို တိုက်ရိုက် ကာကွယ်ရေးနှင့် သွယ်ဝိုက်ကာကွယ်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိ တွင် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူထားပြီး ကာကွယ်ရေးဆောင်ရွက်မည့် အင်ဂျင်နီယာ ဒီဇိုင်းများ ရေးဆွဲတွက်ချက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.