Connect with us

Environment, Disasters & Accidents

ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် ဒိုက်ငြိ၍ တိမ်းမှောက်မှုဖြစ်ပွားမှု၌ လူ ၃ဦး ပျောက်ဆုံး

ပျောက်ဆုံးသူတို့အားရှာဖွေနေကြစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် ဒိုက်ငြိ၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သမ္ဗန်မောင်း အပါအဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ပျောက်ဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ အဆိုပါသမ္ဗန်သည် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ် ကူးတို့ဆိပ်၌ ယနေ့ ဒီဇင်ဘာ လ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် အချိန်က ကမာကဆစ်ကူးတို့ ဆိပ်ကမ်းနားဘက်မှ ရန်ကုန်ဘက်ကမ်းသို့ ကူးရာ၌် ကမာကဆစ် စက် သမ္ဗန်ဆိပ်ရှေ့အနီးတွင် စက်လှေပန်ကာ (ဒိုက်) အမှိုက်များငြိ၍ အမှိုက်ဆင်းရှင်းရာ ရေစီးနှင့်အတူ မျောပါသွားပြီး မြစ်အတွင်း ကျောက်ချရပ်နားထားသော စီဘီကုန်တင်တွဲနှင့် ကန့်လန့် ခံတိုက်မိရာမှ နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဒလမြို့နယ် ကမာကဆစ်ကူးတို့ သမအသင်းပိုင် စက်လှေမောင်း မောင်ဇင်မင်းသူ အသက်(၃၁)၊ မောင်းနှင်သော အဆိုပါ သမ္ဗန်ကူးတို့ ရေယာဉ် အမှတ်-၇/၁၅ (မြင့်မြတ်သဇင်) ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည်နှင့် ယာဉ်မောင်း အပါအဝင် ကျား(၁၁)ဦး၊ မ(၃)ဦး စုစုပေါင်း(၁၄)ဦး အနက်မှ ကျား(၉)ဦးနှင့် မ(၂)ဦးတို့အား ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး၊ ယာဉ်မောင်း အပါအဝင် ကျား(၂)ဦး၊ မ(၁)ဦးတို့မှာ ယခုအချိန်ထိ ပျောက်ဆုံးနေသဖြင့် ရန်ကုန်မြစ်အတွင်း၌ ကူးတို့ သမစက်လှေအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် လူမှုရေးအသင်း အဖွဲ့များမှ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.