Environment, Disasters & Accidents
ဟားခါး၌ မိုးရွာသွန်းမှုကြောင့် မြေပြိုအန္တရာယ် ကျရောက်နိုင်သည့် လူနေအိမ်များ ပြုပြင် ထိန်းသိမ်း
ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ဟားခါးမြို့၌ ယခုလ စက်တင်ဘာ တတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လူနေအိမ်အချို့ ပြိုကျ ပျက်စီးနိုင်သည့် အန္တရာယ် အနေအထားများကြောင့် တာဝန်ရှိသူများက မိသားစုဝင်များအား ဘေးလွတ်ရာ နီးစပ်သည့် ဆွေမျိုးများနေအိမ်သို့ အချိန်မီ ရွှေ့ပြောင်းကူညီဆောင်ရွက်ပေးခြင်း၊ မြေပြို မြေထိန်းနံရံများအား ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန် သည်။
ယင်းသို့ပြုပြင်ထိန်းသိမ်း ကူညီဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နေ့တွင် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များမှ မြေပြိုအန္တရာယ်ကျရောက်နိုင်သည့် လူနေအိမ်များအား ပြုပြင်ထိန်းသိမ်း ကာကွယ်မှုများ အားတာဝန်ရှိသူများမှ ပူးပေါင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)