Connect with us

Environment, Disasters & Accidents

ဆင်စခန်း တည်ထောင်ခြင်းနှင့် ဆင် ထိန်းသိမ်းရေး လုပ်ငန်းများ ယူရို ၁.၈ သန်း အသုံးပြု၍ ဆောင်ရွက်မည်

မြန်မာ့ သစ်လုပ်ငန်းနှင့် FOUR PAWS International (FPI) တို့ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

ဆင်စခန်း တည်ထောင်ခြင်းနှင့် ဆင် ထိန်းသိမ်းရေး လုပ်ငန်းများအား ယူရို ၁.၈ သန်း အသုံးပြု၍ အဓိက ဆောင်ရွက်သွားမည့် နားလည်မှု စာချွန်လွှာ တစ်ရပ်အား မြန်မာ့ သစ်လုပ်ငန်းနှင့် FOUR PAWS International (FPI) မှ လက်မှတ် ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘနှင့် FPI ၏ ဥက္ကဋ္ဌ Mr. Helmut Dungler တို့သည် နားလည်မှုစာချွန်လွှာ (MoU)အား စက်တင်ဘာ ၁၉ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး နားလည်မှု စာချွန်လွှာ၏ သက်တမ်းကာလသည် ၁၀ နှစ် ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း နှင့် သြစတြီးယားနိုင်ငံအခြေစိုက် VIER PFOTEN/FOUR PAWS International ၏ ဥက္ကဌ Mr. Helmut Dungler နှင့် အဖွဲ့တို့သည် စက်တင်ဘာ ၁၉ ရက်တွင် တွေ့ဆုံခဲ့ရာတွင် FOUR PAWS International (FPI) မှ ဆောင်ရွက်မည့် ရဲနွယ် သစ်တော ကြိုးဝိုင်း အတွင်း ဆင်စခန်း တည်ထောင်ခြင်းနှင့် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်နှင့် သစ်တော ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် မြေငှားရမ်းခြင်း ၊ ဌာနပိုင်ဆင်များ ငှားရမ်းခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.