Connect with us

Environment, Disasters & Accidents

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ ထပ်မံတွေ့ရှိသော အလောင်းအား ပျောက်ဆုံးနေသော ဧည့်သည် ဟုတ်မဟုတ် စိစစ်နေ

မီးလောင်ကျွမ်းခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ မီးကြွင်းမီးကျန်များအား ငြိမ်းသတ်နေစဉ်(ဓာတ်ပုံ- ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မီးလောင်ကျွမ်းခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၌ အောက်တိုဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းက ထပ်မံတွေ့ရှိခဲ့သော အလောင်းတစ်လောင်းကို ပျောက်ဆုံးနေသော ဧည့်သည် ဟုတ်မဟုတ် စိစစ်နေကြောင်း ပြည်တဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါဟိုတယ်မှ ဝန်ထမ်းများသည် အောက်တိုဘာ ၁၉ရက်နေ့ နေ့လည် ၂နာရီခွဲခန့်တွင် မီးလောင်ထားသည့်ပစ္စည်းများအား ရှင်းလင်းစဉ် ဟိုတယ်(၅)လွှာ အနောက်ဘက်ဝရံတာမှ လူရုပ်မပီပြင်သည့် လူသေအလောင်း တစ်လာင်းထပ်မံတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ ဟိုတယ်(၅)လွှာရှိ အခန်းအမှတ်(၅၂၇)တွင် ဗြိတိန်နိုင်ငံသား Mr.John Travs နှင့်ဇနီး ထိုင်းနိုင်ငံသူ Mrs.Hansa Khomsai တို့တည်းခိုခဲ့ကာ မီးစတင်လောင်စဉ် ဧည့်သည်များ ပြန်လည်စိစစ်ချက်အရ အဆိုပါ ဗြိတိန်နိုင်ငံသား၏ ဇနီး ထိုင်းနိုင်ငံသူ ပျောက်ဆုံးနေကြောင်း ၊ ယင်း မီးလောင်သေဆုံးသူအလောင်းသည် ထိုင်းနိုင်ငံသူ ဟုတ်မဟုတ် စိစစ်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် နိုင်ငံခြားသား ၂ဦးသေဆုံးပြီး မကာအို အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မီးငြိမ်းသတ်စဉ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း ကန်တော်ကြီးပဲ့လေ့စ် ဟိုတယ်(၅)လွှာ (ဘီ)ဆိုဒ်ရှိ ရေမော်တာခန်း မီးခိုးများအူထွက်ပြီး စတင်မီးလောင်ခဲ့ပြီး ဟိုတယ် မန်နေဂျာအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (ပေါ့လျော့မှု ကြောင့်လူသေမှု/ပြင်းထန်နာကျင်မှု/မီးလောင်မှု)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.