Connect with us

Environment, Disasters & Accidents

ဝမ်းတွင်းမြို့နယ်၌ ရေများဝင်ရောက်လာသဖြင့် အိမ်ခြေ ၄၈၂လုံး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့

ရေများဝင်ရောက်လာမှုကြောင့် နေအိမ်များပြောင်းရွေ့နေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၁၉ ရက် ည ၉ နာရီက ရွာသွန်း သောမိုးကြောင့် လူနေအိမ်များရေဝင်သဖြင့် အိမ်ခြေ ၄၈၂လုံး ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဝမ်းတွင်းဆည်ရေများတိုး၍စီးဆင်းခဲ့ပြီး ရေအရင်း အမြစ်ပေါင်မိုင်နာ ၄ နှင့် မိုင်နာ ၅ အကြားတွင် ရေများ ဝင်ရောက်ပြီး ရေအရင်း အမြစ်မြောင်းပေါင်တစ်လျှောက် ရေများ စီးဝင်၍ မိုင်နာ ၅ ၏ အတွင်းဘက်တွင် တူးပေါက် လေးပေါက်နှင့် မိုင်နာ ၅ အောက်ပိုင်းတွင် ၁၅ ပေခန့် မြောင်းပေါင်ကျိုးပေါက်၍ ကျေးရွာများရှိ နေအိမ်များထံ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေများဝင်ရောက်မှုကြောင့် ညောင်အုပ်ဖီးကျေးရွာရှိ အိမ်ခြေ ၁ဝ၇ ၊ ကန်သာကျေးရွာရှိ အိမ်ခြေ ၁၄၊ ဒုန်းကုန်းကျေးရွာတွင် ၁၇၊ ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၊ အောင်သာကျေးရွာ၊ မိုးကောင်းကျေးရွာတို့ရှိ အိမ်ခြေ ၂၆၅ ၊ လျော်ပင်ကျေးရွာ၌ အိမ်ခြေ ၆နှင့် လိန်ပင်ကျေးရွာအုပ်စုတွင် ၇၃ စသည့် နေအိမ်များ ရေနစ်မြှုပ်ခဲ့ရကြောင်း သိရသည်။

ထီးလှိုင်ကန်ရေပိုလွှဲ နှင့် နွားနန်းကန်ရေပိုလွှဲများ ရေစီးဝင်မှုကြောင့် ဝမ်းတွင်း-ပင်းတလဲလမ်းပေါ်ရှိ အလျား ပေ ၅ဝ ရှိသော ချောင်းကူး တံတားအောက်ခြေရေတိုက်စား၍ တံတားယိုင်သွားခဲ့ကြောင်း သိရသည်။ရေဝင်ရောက်သည့်ကျေးရွာများသို့ တာဝန်ရှိသူများက ကွင်းဆင်း၍ ရေအရင်း အမြစ်မြောင်းပေါင် အမြန်ပြန်လည်ပြုပြင်နိုင်ရေး ၊ ရေဝင် မိသားစုများ ၏ သောက်သုံးရေနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.