Environment, Disasters & Accidents
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ စက်လှေတိမ်းမှောက်မှုကြောင့် လူ၃ ဦး ပျောက်ဆုံးမှုဖြစ်ပွား
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ စက်လှေတိမ်းမှောက်မှုကြောင့် လူ၃ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ ၁၄း၄၅ နာရီ အချိန် လှိုင်းဘွဲ့မြို့နယ်၊ ဒေါ်လန်းကျေးရွာမှ ဘားအံမြို့နယ်၊ သာယာကုန်းကျေးရွာလှေဆိပ်သို့ ကျော်နိုင်(ခ)ကောက်ရ(၄၂)နှစ်မောင်းနှင်ပြီး စိုးဌေး (၃၅)နှစ်ပါ၅ ဦး(ကျား ၂၊ မ ၃)တို့ လိုက်ပါလာသည့် စက်လှေသည် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ကျော်နိုင်(ခ)ကောက်ရ(၄၂)နှစ်ပါ၃ ဦး (ကျား ၂၊ မ ၁)တို့မှာ နီးစပ်ရာကမ်းစပ်သို့ ကူးခတ်သွားခဲ့ပြီး စိုးဌေးပါ ၃ ဦး(ကျား ၁၊ မ ၂) တို့မှာ ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)