Connect with us

Environment, Disasters & Accidents

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်လျက်ရှိ

စစ်တောင်းမြစ်ရေ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

စစ်တောင်းမြစ် ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်ငူမြို့တွင် ပေဝက်ခန့်နှင့် မဒေါက်မြို့တွင် (၇)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော (၁၂၇၈)စင်တီမီတာသည် နှစ်ပေါင်း(၅၃)နှစ်အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ကြောင်း၊ ယခင်အမြင့်ဆုံးရေမှတ်မှာ (၂.၈.၁၉၉၇)ရက်နေ့တွင် တိုင်းတာရရှိသော (၁၂၄၄)စင်တီမီတာ ဖြစ်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.