Environment, Disasters & Accidents
ချင်းပြည်နယ်၊မတူပီမြို့ ၏ မြောက်-အရှေ့မြောက်ဘက် တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ရန်ကုန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)
ချင်းပြည်နယ်၊မတူပီမြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၁၆)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး အဆိုပါ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာယဉ်မျိုးမင်းထွေး ကဆင်ဟွာကိုယနေ့ပြောသည်။
ဒေါက်တာယဉ်မျိုးမင်းထွေး က “ငလျင်လှုပ်တဲ့ နေရာက လူမနေတဲ့ တောဘက်ကျတော့ ပျက်ဆီးဆုံးရှုံးမှုမရှိတာပါ’’ ဟုပြောသည်။
အဆိုပါငလျင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀)နာရီ၊ (၀၃)မိနစ်၊ (၁၁)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်ဘက် (၅၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မတူပီမြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၅၂) ဒီဂရီ၊ အနက် (၂၅)ကီလိုမီတာကို ဗဟိုပြု၍လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလမှ သတင်းထုတ်ပြန်သည်။ (Xinhua)