Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ် ကလောမြို့၌ လူနေအိမ် ၁ လုံး မီးလောင်မှု ဖြစ်ပွားကာ ၂ ဦး သေဆုံး

-မီးလောင်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ-ရဲဇာနည်)

ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ၊ ကလောမြို့နယ် အတွင်း နေအိမ် ၁ လုံးသည် မီးလောင်မှု ဖြစ်ပွားခဲ့ကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာနေ ဒေါ်ညွန့်ကြည်၏ နေအိမ်၌ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် နေအိမ်ရှိ လူများ အိပ်နေစဉ် နေအိမ် လှေကား အနီးရှိ မီးဖိုမှတစ်ဆင့် မီးသွေးအိတ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သွပ်မိုး၊ ပျဉ်ခင်း/ကာ နေအိမ် (၁)လုံးနှင့် ဆိုင်ကယ်(၄)စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ၂ ဦးမှာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဒေါ်ညွန့်ကြည် အား ကလောမြို့မရဲစခန်း(ပ) ၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.