Connect with us

Environment, Disasters & Accidents

မင်္ဂလာဒုံမြို့နယ်၌ ရေခဲသေတ္တာအပူလွန်ကဲပြီး လူနေအိမ် ၈လုံး မီးလောင်ဆုံးရှုံး

မီးလောင်ပြင်အား မီးငြိမ်းသတ်နေမှုအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆နာရီ ၁၀မိနစ်က ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၈လုံးထိ ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၃ ခန်းတွဲနေအိမ်မှ ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၈ လုံးအား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်ခဲ့သည့် နေအိမ်မှ ကိုသန့်ဇော်အား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၁၃၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးလောင်မှု)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း သိရသည်။

“ သွပ်မိုးပျဉ်ကာအိမ်တွေဆိုတော့ မိနစ် ၂၀အတွင်း ၈လုံးအလျင်အမြန်ကူးစက်သွားတယ်၊ မီးဘေးသင့်တဲ့ မိသားစုတွေ အနီးနားက ဘုန်းကြီးကျောင်းမှာ ခေတ္တနေရာချပေးထားတယ်”ဟု စမ်းကြီးဝရပ်ကွက်က တာဝန်ရှိသူတစ်ဦးက ဆိုသည်။ယင်း မီးလောင်ကျွမ်းမှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 2 အဆင့်သတ်မှတ်ပြီး ယာဉ်အုပ်စုများထွက်ခွာ ငြိမ်းသတ်ခဲ့ပြီး နံနက် ၆နာရီ၃၅မိနစ်တွင်မီးထိန်းနိုင်ကာ ၆နာရီ ၄၅ မိနစ်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။(Xinhua)