Environment, Disasters & Accidents
ငွေဆောင်ကမ်းခြေ၌ ဝေလငါးအသေတစ်ကောင်တွေ့ရှိ

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့အမှတ်(၁)ရပ်ကွက် ၊ ဟိုတယ်အနီး တောင်ကတုံးကမ်းခြေ၌ မတ်လ ၃ ရက်နေ့က ဝေလငါးတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်းအရသိရသည်။
အဆိုပါ ဝေလငါးအသေသည် အလျား ၃၂ ပေ ရှေ့ရေယက် ၄ ပေ နောက်မြီးရေယက် ၄ ပေ ၁ဝ လက်မ လုံးပတ် ၁၆ ပေ ခန့်ရှိပြီး ကမ်းခြေ၌ လာရောက်အပန်းဖြေသူများက စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့် တာဝန်ရှိသူများက မြေမြှုပ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။ (Xinhua)