Connect with us

Environment, Disasters & Accidents

ရေစကြိုမြို့ မီးလောင်မှုကြောင့် ကျပ်သိန်းခြောက်ရာကျော် ဆုံးရှုံး

ရေစကြိုမြို့၌ နေအိမ်များမီးလောင်မှုအား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ၌ မတ်လ ၃ ရက်နေ့ ည ၈ နာရီခွဲက မီးလောင်မှုကြောင့် ကျပ်သိန်းခြောက်ရာကျော် ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

သစ်ကြီးတောကျေးရွာ တောင်သူတစ်ဦးဖြစ်သည့် ဦးပေါ်ဦး၏ ၃ ပေပတ်လည် ထန်းလက်မိုး ထန်းလက်ကာ နေအိမ်ရှိ မီးဖိုမီးကြွင်း မီးကျန်မှ မီးစတင်လောင်ကျွမ်းရာ လူဦးရေ (၈၉၃) ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ လူနေအိမ် (၁၅၄) လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၆၃, ၉၅၀,၀၀၀) ခြောက်ရာသုံးဆယ့် ကိုးသိန်း ငါးသောင်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ဦးပေါ်ဦး(ဖမ်းမမိ)အား ရေစကြို မြို့မရဲစခန်း (ပ)၁၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅(မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် ထားကြောင်း သိရသည်။(Xinhua)