Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” အားကောင်းသော မုန်းတိုင်းငယ်အဖြစ် မှ အားလျော့ပြီ

မိုးဇလ၏ မိုးလေဝသခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ကြံ့” (KYANT)သည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး အနောက် -အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ကာ အားကောင်းသော မုန်းတိုင်းငယ်အဖြစ် မှ အားလျော့သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ဂိုပါပူးလ်မြို့၏ တောင်-အရှေ့တောင် ဘက် မိုင်(၂၁၀)ခန့်၊ ဗီဇာကာ ပတ္တနမ်မြို့၏ အရှေ့တောင်ဘက် (၁၈၅)မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့၏ အရှေ့ဘက် (၂၇၇) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အနောက်-အနောက်တောင် ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက် (၁၂)နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း၊ မန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုး သက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း သိရသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.