Connect with us

Environment, Disasters & Accidents

ဆောင်းရာသီကာလ မြစ်ရေကျဆင်းနိုင်မှုအားမိုးဇလထုတ်ပြန်

ဧရာဝတီမြစ်ရေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ဆောင်းရာသီကာလတွင် မြစ်ရေ ကျဆင်းနိုင်မှုအခြေအနေ ၂၀၁၆-၂၀၁၇ခုနှစ်၊ဆောင်းရာသီကာလယေဘုယျ မြစ်ရေအခြေအနေခန့်မှန်းချက် များအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့တို့တွင် ၉-ပေမှ ၁၂-ပေခန့််၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၁၄-ပေမှ ၁၆-ပေ ခန့်ကျဆင်းနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊့ ဖောင်းပြင်မြို့တို့တွင် ၅-ပေမှ ၇-ပေခန့် မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၉-ပေမှ ၁၂-ပေခန့် ကျဆင်းနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.