Environment, Disasters & Accidents
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် အအေးပိုနေခြင်းမှာလေအေးများဆင်းလာခြင်းကြောင့်ဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် အအေးပိုနေခြင်းသည် အအေးလှိုင်း ဖြတ်ခြင်းကြောင့် မဟုတ်ပဲ လေအေးများဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှုး ဦးလှထွန်း ကဆင်ဟွာ ကိုပြောသည်။
ဦးလှထွန်းက “လေအေးတွေ က တောင်ဘက်အထိ ဆင်းလာတာ။လေအေးတွေ ဆင်းလာတဲ့ မြို့တိုင်းကို အေးသွားတာ။အအေးလှိုင်းကျတော့ တစ်မြို့လောက်ပဲအေးတာပါ။ အခုဟာ က လေ အေးဖြတ်တာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့အေးတာ’’ ဟု ပြောသည်။
ယခင်နှစ်များထက်ထက်တော့ အနည်းငယ်အအေးပိုကြောင်း၊ အချို့ မြို့များသည် ဒီဇင်ဘာလတွင် အေး၍ တစ်ချို့မြို့များသည် ဇန်နဝါရီလတွင်အေးကြောင်း၊ ယခုနှစ်သည် အအေးစောကြောင်း သိရသည်။
ဦးလှထွန်းက “အအေးလေးနည်းနည်းပေါ့သွားနိုင်ပေမယ့် ဆောင်းရာသီ အအေးဓာတ်တော့ ရှိနေဦးမယ်။ တစ်ချို့မြို့တွေမှာ လက်ရှိြဖစ်နေတဲ့ အပူချိန် ဉပမာ-၁၅ ဒီဂရီကနေ ၁၇ ဒီဂရီ လောက်အထိ ၁ ဒီဂရီ ၂ ဒီဂရီလောက် အပူချိန်ပြန်မြင့်နိုင်တယ်။ လက်ရှိမှာ ရေခဲမှတ်အောက်ရောက်ခဲ့တာက ရှမ်းပြည်နယ်၊ နမ့်စမ်မြို့မှာ ဒီဇင်ဘာလ ၇ ရက် ၊ ၈ ရက် မှာ -၀.၂ အထိ အေးခဲ့တယ်။’’ ဟုပြောသည်။ (Xinhua)