Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ၆ဘီးယာဉ် နှင့် ဟီးနိုး အမျိုးအစား၁၂ဘီးယာဉ် တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ၆ဘီးယာဉ် နှင့် ဟီးနိုး အမျိုးအစား၁၂ဘီးဝါစိမ်းရောင်ယာဉ် ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်ကျေးရွာအုပ်စု တောကျွဲအင်းနယ်မြေရဲစခန်းအပိုင် ရန်ကုန်မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်၁၀၉/၅နှင့်၆အကြားရွှေဝါကျေးရွာအနီး၌ ဒီဇင်ဘာ ၁၁ရက် နံနက် ၈ နာရီခန့်က ကုန်တင်ယာဉ်နှစ်စီးလမ်းအလယ်၌မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်းစိုးလွင် ၄၅နှစ်(၁)ရပ်ကွက်စော်ဘွားကြီးကုန်း ကလောမြို့နယ်ရှမ်းပြည်နယ်နေသူ မောင်းနှင်သည့် ယာဉ်အမှတ် BGO-2M/—-ဖူဆိုအမျိုးအစား ၆ဘီး ဖြူစိမ်းရောင်ယာဉ်မှကော်ဖီထုတ်များတင်ဆောင်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်ယာဉ်ကြော ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ယာဉ်မောင်း ကျော်လင်းစိုး၃၆နှစ် ကြာအင်းအရှေ့ရွာ လှည်းကူးမြို့နယ်ရန်ကုန်တိုင်း ဒေသကြီး နေသူမောင်းနှင်သည့်ယာဉ်အမှတ်MDY 9M/——ဟီးနိုး အမျိုးအစား၁၂ဘီးဝါစိမ်းရောင်ယာဉ်သည်ကားအပိုပစ္စည်းများ တင်ဆောင်၍မောင်းနှင်လာစဉ်လမ်းအလယ်၌ ယာဉ်နှစ်စီးမျက်နှာချင်း ဆိုင်တိုက်မိရာ ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်တို့မှာ ထိခိုက် ဒဏ်ရာမရရှိသော်လည်းကော်ဖီထုတ်များတင်ဆောင်လာသည့်ဖူဆိုအမျိုးအစား၆ဘီးယာဉ်မှာ ယာဉ်ဦးခေါင်းပိုင်းဝဲဘက်ခြမ်းပိန်ချိုင့်ရှေ့ဝင် ရိုးတန်းကွေးကောက်ပျက်စီး၍ ကားအပိုပစ္စည်းများတင်ဆောင်လာသည့် ဟီးနိုးအမျိုးအစား၁၂ဘီးယာဉ်မှာလည်းယာဉ်ရှေ့ဦးခေါင်းပိုင်းဝဲဘက် ခြမ်းပိန်ချိုင့်ပျက်စီးကာရှေ့ဝင်ရိုးတန်းကွေးကောက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်ပြီးကျောက်တံခါးမြို့နယ်အောင်မြင်ကျေးရွာအုပ်စု တောကျွဲအင်းနယ်မြေရဲစခန်းက ယာဉ်မောင်းစိုးလွင်နှင့်ကျော်လင်းစိုး တို့နှစ်ဦး အား အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.