Connect with us

Environment, Disasters & Accidents

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် အအေးပိုနေခြင်းမှာလေအေးများဆင်းလာခြင်းကြောင့်ဟုဆို

ဆောင်းရာသီတွင် တောင်ပေါ်ဒေသတစ်ခုတွင် အနွေးထည်များဖြင့် သွားလာနေကြသူတစ်ချို့ အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ်များ တွင် အအေးပိုနေခြင်းသည် အအေးလှိုင်း ဖြတ်ခြင်းကြောင့် မဟုတ်ပဲ လေအေးများဆင်းလာခြင်းကြောင့်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှုး ဦးလှထွန်း ကဆင်ဟွာ ကိုပြောသည်။

ဦးလှထွန်းက “လေအေးတွေ က တောင်ဘက်အထိ ဆင်းလာတာ။လေအေးတွေ ဆင်းလာတဲ့ မြို့တိုင်းကို အေးသွားတာ။အအေးလှိုင်းကျတော့ တစ်မြို့လောက်ပဲအေးတာပါ။ အခုဟာ က လေ အေးဖြတ်တာ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့အေးတာ’’ ဟု ပြောသည်။

ယခင်နှစ်များထက်ထက်တော့ အနည်းငယ်အအေးပိုကြောင်း၊ အချို့ မြို့များသည် ဒီဇင်ဘာလတွင် အေး၍ တစ်ချို့မြို့များသည် ဇန်နဝါရီလတွင်အေးကြောင်း၊ ယခုနှစ်သည် အအေးစောကြောင်း  သိရသည်။

ဦးလှထွန်းက “အအေးလေးနည်းနည်းပေါ့သွားနိုင်ပေမယ့် ဆောင်းရာသီ အအေးဓာတ်တော့ ရှိနေဦးမယ်။ တစ်ချို့မြို့တွေမှာ လက်ရှိြဖစ်နေတဲ့ အပူချိန် ဉပမာ-၁၅  ဒီဂရီကနေ ၁၇ ဒီဂရီ လောက်အထိ  ၁ ဒီဂရီ ၂ ဒီဂရီလောက် အပူချိန်ပြန်မြင့်နိုင်တယ်။ လက်ရှိမှာ ရေခဲမှတ်အောက်ရောက်ခဲ့တာက ရှမ်းပြည်နယ်၊ နမ့်စမ်မြို့မှာ ဒီဇင်ဘာလ ၇ ရက် ၊ ၈ ရက် မှာ -၀.၂ အထိ အေးခဲ့တယ်။’’ ဟုပြောသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.