Connect with us

Environment, Disasters & Accidents

တနသာၤရီတိုင်းဒေသကြီး မြိတ် မြို့ အမှတ်(၂)ဗောတံတားအနီးတွင် လှေ ၄ စီး မီးလောင်မှု ဖြစ်ပွား

မြိတ် မြို့ အမှတ်(၂)ဗောတံတားအနီး မီးလောင်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ မတ် ၂ ရက်(ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၂)ဗောတံတားအနီး၌ ဆီသယ်လှေ အပါအဝင် လှေ ၄ စီး မီးလောင် ဆုံးရှုံးမှု မတ် ၁ ရက်တွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

“ရွှေရောင်ဝင်း” အမည်ရှိ သစ်သားကိုယ်ထည် ဆီသယ်လှေ ဆိုက်ကပ်ထားစဉ် ဒီဇယ်အဝတ်မှတစ်ဆင့် အခြားရှိ လှေများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ ဆီသယ်လှေပါ ၄ စီး မီးလောင် ဆုံးရှုံးခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

မီးလောင်မှုကြောင့် ပိုင်ရှင်/ပဲ့နင်း ဖြစ်သူအား မြိတ်မြို့မ ရဲစခန်းမှ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ (Xinhua)