Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီးတွင် ပလတ်စတစ် သုံးစွဲမှုလျော့ပါးစေရေး အဆိုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

ရန်ကုန်မြို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း သဘာဝပတ်ဝန်းကျင် အတွက် ခြိမ်းခြောက်မှု ကြီးမားလာသော ပလတ်စတစ် သုံးစွဲမှု လျော့ပါးစေရေး စီမံဆောင်ရွက် ပေးပါရန် တိုင်းဒေသကြီး အစိုးရသို့ တိုက်တွန်းကြောင်း အဆိုအား ယနေ့၊ နံနက်(၁၀)နာရီတွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ အဋ္ဌမပုံမှန် အစည်းအဝေး၏ (၈)ရက်မြောက် နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ယင်းအဆိုအား တင်သွင်းခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးတို့က အဆိုနှင့် စပ်လျဉ်း၍ ထောက်ခံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.