Connect with us

Asia

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ၌ စက်လှေ နှစ်စီး တိုက်မှု ဖြစ်ပွား ၊ ကမ္ဘာလှည့် ခရီးသွား နှစ်ဦး သေဆုံး ၂၀ ကျော် ဒဏ်ရာရ 

ပင်လယ် အတွင်း တိုက်မိမှု ဖြစ်ပွားခဲ့သည့် စက်လှေ တစ်စီးအား ဖူးခက် ကမ်းခြေ၌ တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ၌ ယနေ့ နံနက်ပိုင်းတွင် မြန်နှုန်းမြင့် စက်လှေ နှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရုရှား နိုင်ငံသား ကမ္ဘာလှည့် ခရီးသွား အများစု တင်ဆောင်လာသော စပိဘုတ် တစ်စီးသည် တော်ဝင် ဖူးခက်လှေဆိပ် အနီးရှိ ဆိပ်ခံတံတားမှ ထွက်ခွာလာစဉ် ခရီးသည်များ လိုက်ပါလာခြင်း မရှိသည့် အခြား စပိဘုတ် တစ်စီးဖြင့် မတော်တဆ တိုက်မိခဲ့ခြင်း ဖြစ်သည်။ 

ယင်းဖြစ်စဉ်ကြောင့် အသက် ခြောက်နှစ် နှင့် ၁၂ နှစ် အရွယ် လူငယ်ခရီးသည် နှစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ခရီးသွား ဧည့်သည်များအား ဆေးရုံများသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117