Connect with us

Environment, Disasters & Accidents

တပ်မတော် လေယာဉ် လေ့ကျင့် အမောင်းသင်စဉ် ပျက်ကျမှုကြောင့် ၄ ဦး သေဆုံး ၊ ၁ ဦးအား ဆေးရုံသို့ပို့ဆောင်ထား

နေပြည်တော်အနီး ပျက်ကျ မီးလောင်လျက်ရှိသော တပ်မတော်လေမှ လေယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တပ်မတော် လေမှ B 1900 အမျိုးအစား လေယာဉ် တစ်စီးသည် ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်တွင် နေပြည်တော်၌ လေ့ကျင့် အမောင်းသင်စဉ် ပျက်ကျ မီးလောင်ကျွမ်းခဲ့မှုကြောင့် လေယာဉ်ပေါ် တွင် လိုက်ပါလာသည့် ၄ ဦးမှာ သေဆုံးခဲ့ပြီး ၁ ဦးကို တပ်မတော် စစ်ဆေးရုံသို့ ကုသရန် ပို့ဆောင်ထားကြောင်း သိရသည်။

နေပြည်တော် လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲ စိုက်ခင်း အတွင်း ယနေ့ ဖေဖောဝါရီလ ၁၀ ရက် နံနက် ၉ နာရီ ၄၁ မိနစ်အချိန်ခန့်တွင် တပ်ပိုင် လေယာဉ် B 1900 ပျက်ကျ မီးလောင်ကျွမ်းသွားခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး ၊ ဗိုလ်ကြီး ၂ ဦး၊ ဒုတပ်ကြပ်၂ ဦး အနက် ဒုတပ်ကြပ်တစ်ဦးသာ အသက်ရှင် လျက် တွေ့ရရှိရပြီး ကျန် (၄) ဦးမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ထို့ပြင် မီးလောင်နေသည့် လေယာဉ်အား မီးသတ်ယာဉ် ၃ စီးဖြင့် မီးငြိမ်းသတ်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.