Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အမျိုးသား ကဇာတ်ရုံ နိုဝင်ဘာ လကုန်တွင် အပြီး ဆောင်ရွက်မည်

အမျိုးသားဇာတ်ရုံ (ရန်ကုန် ) အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန် ) အား အဆင့်မြှင့်တင် မွမ်းမံ ပြင်ဆင်မှု အဖြစ် LED Display Board များ တပ်ဆင်ခြင်း လုပ်ငန်းအား တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ လကုန်အပြီး ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီး ဌာနရှိ အမျိုးသား ဇာတ်ရုံ (ရန်ကုန် ) ၏ မီး၊ အသံစနစ်များ၊ ဇာတ်စင်ဆိုင်ရာ စနစ်များ၊ လေအေးပေးစက်၊ အဆောက်အအုံ ထိန်းသိမ်း ပြုပြင်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများကို စက်တင်ဘာလ အတွင်းမှ စ၍ လုပ်ဆောင်လျက်ရှိရာ ဟောပြောပွဲများ၊ အနုပညာ ဖျော်ဖြေပွဲများ၊ ဇာတ်အငြိမ့်များ၊ တေးဂီတဖျော် ဖြေပွဲများအတွက် ဇာတ်ရုံများ ငှားရမ်းအသုံး ပြုခွင့် ကိုနိုဝင်ဘာ ၃၀ ရက်အထိ ရပ်နား ထားပြီး၊ လက်ရှိတွင် တရုတ်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် ဇာတ်စင်သုံး LED Display Board နှင့် ဆက်စပ် ပစ္စည်းများသည် ပေ ၄၀ ကွန်တိန်နာ နှစ်စီးဖြင့် ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံ (ရန်ကုန် )သို့ အောက်တိုဘာ ၇ ရက်က လည်းကောင်း၊ တပ်ဆင်မည့် ပညာရှင် အဖွဲ့ခေါင်းဆောင် မစ္စတာဟန်စုန့်နှင့်အင်ဂျင်နီယာ နှစ်ဦးတို့သည် အောက်တိုဘာလ ၂၅ ရက်က လည်းကောင်း ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

LED Display Board များ တပ်ဆင်မှုကို Haier International Business Group ကုမ္ပဏီ လီမီတက် မှ ပညာရှင် ၃ ဦး နှင့် အင်ဂျင်နီယာများ ပူးပေါင်း၍ အောက်တိုဘာလ ၂၆ ရက်က စတင် ဆောင်ရွက် လျက်ရှိကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အမျိုးသား ဇာတ်ရုံ (ရန်ကုန် )သည် ၈ .၅၁၄ ဧက ကျယ်ဝန်း ပြီး အလျား ပေ ၃၃၀၊ အနံ ၃၁၂ ပေနှင့် အမြင့် ၇၂ ပေ ရှိကြောင်း သိရသည်။ LED Display Board ထိန်းသိမ်း အသုံးပြုနည်း သင်တန်းကိုလည်း နိုဝင်ဘာလကုန် အထိ ဆက်လက် သင်တန်း ပို့ချသွားမည်ဖြစ်ပြီး အမျိုးသား ဇာတ်ရုံ (ရန်ကုန် ) ကို ဒီဇင်ဘာလ အတွင်း ဇာတ်စင်သုံး LED Display Board များဖြင့် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.