Connect with us

Environment, Disasters & Accidents

ကံပေါက်-မြိုင်ကလေး- ရန်ကုန် ၂၀ လက်မ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှု အတွက် ပြုပြင်ခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိ

ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းနေပုံ (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု အတွက် ပြုပြင်ခြင်း လုပ်ငန်းအား ဆောင်ရွက်လျက် ရှိသည့် အတွက် ပြုပြင်မှုသည် ယနေ့ နိုဝင်ဘာလ ၅ ရက် ညနေ ၆ နာရီတွင် ပြီးစီးမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မော်လမြိုင်၊ မြိုင်ကလေးနှင့် ရန်ကုန် ဧရိယာရှိ သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံနှင့် အခြား စက်ရုံများသို့ ဓါတ်ငွေ့ ထုတ်လွှင့် ဖြန့်ဖြူးပေးလျှက် ရှိသော ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း၏ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်ကရာ ရွာအနီးရှိ ပိုက်လိုင်း အစိတ်အပိုင်းမှ ဓါတ်ငွေ့ ယိုစိမ့်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း နိုဝင်ဘာလ ၃ ရက် ၊ နေ့လည် ၂း၃၀ နာရီ အချိန်တွင် စတင် သိရှိရကြောင်း၊ စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်း လက်အောက်ရှိ မော်လမြိုင် ပိုက်လိုင်း စခန်းမှ တာဝန် ရှိသူများ သွားရောက် စစ်ဆေးခဲ့ရာ ပိုက်လိုင်း သံချေးစား၍ ဓါတ်ငွေ့ ဖိအား ခံနိုင်ရည် အားနည်းနေရာမှ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)