Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့၏ လေထု ညစ်ညမ်းမှုကို ကိန်းဂဏန်း အတိအကျဖြင့် ဒီဇင်ဘာလတွင် သတင်း ထုတ်ပြန်မည်

ရန်ကုန်မြို့လယ် ရှုခင်းအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပတ်ဝန်းကျင်နှင့် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းအား ထိန်းချုပ်လျှော့ချနိုင်ရန် လေထု အရည်အသွေး တိုင်းတာသည့် စက်များကို မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့၌ တပ်ဆင် တိုင်းတာခဲ့ရာ ဒီဇင်ဘာလတွင် လေထု ညစ်ညမ်းမှု ပမာဏအား ကိန်းဂဏန်း အတိအကျဖြင့် ဖော်ပြ သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ လေထု အရည်အသွေး တိုင်းတာသည့် စက်များအား လူနေထူထပ်သည့် နေရာများ၌ လိုက်လံ တပ်ဆင်ခဲ့ရာ ရန်ကုန်မြို့၏ အထင်ကရ နေရာများနှင့် နေ့စဉ် လူသွားလူလာများသော နေရာများ၌ပါ တိုင်းတာလျက် ရှိကြောင်း၊ ယင်းစက်ဖြင့် တိုင်းတာခြင်းကြောင့် ရန်ကုန်မြို့၏ လေထု ညစ်ညမ်းခြင်းကို တိကျသော ကိန်းဂဏန်းများ အဖြစ် တွေ့မြင်လာနိုင်ပြီး လေထု ညစ်ညမ်းမှု ပြဿနာအား မည်သို့ဝိုင်းဝန်း လိုက်နာ ဖြေရှင်းရမည်ကို သိရှိနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ အဆင့်မီ လေထု အရည်အသွေး တိုင်းတာသည့်စက် တပ်ဆင်ထားသော နေရာများမှာ မဟာဗန္ဓုလ ပန်းခြံအနီး၊ လှည်းတန်းခုံးကျော် တံတားအနီး၊ ထောက်ကြန့်နှင့် တခြားသော လူစည်ကားသည့် နေရာတို့၌ ရွေ့လျား တိုင်းတာစက် တပ်ဆင်ထားကြောင်း သိရသည်။

စက်ရုံများမှ မီးခိုးထုတ်လွှတ်မှု များခြင်း ရှိ၊ မရှိ၊ ကားအိပ်ဇောမှ ထွက်ရှိသော ကာဗွန် မီးခိုးငွေ့နှင့် လူနေ ထူထပ်မှုကြောင့် အိမ်သုံး စားဖိုဆောင်သုံး ပစ္စည်းများမှ လေထု ညစ်ညမ်းစေသည့် မီးခိုးငွေ့များ ထွက်နေခြင်း ရှိ၊ မရှိတို့ကို လေထု တိုင်းတာသည့် စက်မှ သိရှိနိုင်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.