Environment, Disasters & Accidents
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ)
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု ယနေ့ဧပြီ ၂၂ ရက် နံနက်ပိုင်းအချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထိုမြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၉)မိုင်ခန့် ကွာဝေးသော ဖြူးမြို့၏ အနောက်တောင်ဘက်(၂၉)မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈.၃၀ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၃ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၀၅)နာရီ (၁၁)မိနစ် (၁၂)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း မြေငလျင် သတင်း ထုတ်ပြန်မှု အရ သိရသည်။ (Xinhua)