Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၂ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိ

ရွှေဘိုမြစ်ကြီးနားကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုအား တွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီး ဌာန)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၀၃/၅)နှင့် (၁၀၃/၆)အကြားတွင် ဧပြီ ၂၁ရက်နေ့က ယာဉ်တိမ်းမှောက်မှုကြောင့် ၂ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်မှ နေပြည်တော်သို့မောင်းနှင်လာသောToyota Hilux (ခဲရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက် မြေသားလမ်းပေါ်တွင် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ သံဃာတော် (၂)ပါးနှင့် အမျိုးသမီး (၇)ဦး၊ စုစုပေါင်း(၉)ဦးအနက် သံဃာ(၂)ပါး ပျံလွန်တော်မှုပြီး အမျိုးသမီး(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြို့ချောင်းဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။(Xinhua)