Connect with us

Environment, Disasters & Accidents

ဖြူးမြို့အနီး အင်အားရစ်(ခ်)တာစကေး ၅.၂ အဆင့်ရှိ ငလျင် ထပ်မံ လှုပ်ခတ်

ဖြူးမြို့ အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် မြေငလျင် တည်နေရာပြ မြေပုံအား တွေ့ ရစဉ်(ဓာတ်ပုံ- မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၅.၂ အဆင့်ရှိ အင်အား အသင့်အတင့် ရှိသော မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသ နှင့် ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ဖြူးမြို့အနီး အင်အား ရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင် တစ်ခုသည် ဧပြီ ၂၀ ရက်တွင် လှုပ်ခတ်ခဲ့ပြီး ထိုနေရာ အနီးတစ်ဝိုက်တွင် ထပ်မံ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် ဇန်နဝါရီ လဆန်းပိုင်းတွင် ပဲခူးရိုးမအတွင်း၌ ပြင်းအား ပမာဏ ၆.၀ ရှိ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် ငလျင်ငယ်များ ဖြစ်ကြောင်း ၊ ယခု ငလျင်လှုပ်ခတ်မှုအား ဖြူးမြို့မှ သိရှိ ခံစားမိခဲ့ကြောင်း မြေငလျင် ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၅၈)မိနစ်၊ (၄၂)စက္ကန့် အချိန်တွင် ကမ္ဘာအေး မြေငလျင် စခန်းမှ မြောက်ဘက် (၉၉) မိုင်ခန့်ကွာဝေးသော ဖြူးမြို့၏ အနောက်တောင်ဘက် (၂၅)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် ၁၈.၂၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၁၂ ဒီဂရီ၊ အနက်(၄၄)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117