Environment, Disasters & Accidents
ဖားကန့်၌ ရေမဆေးကျောက် ရှာဖွေစဉ် မြေစာ ပြိုကျ၍ ၄ ဦး သေဆုံး

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ အနီး ဆုထူးပန် ကုမ္ပဏီ လုပ်ကွက် အတွင်းသို့ ရေမဆေးကျောက် ရှာဖွေရာတွင် ကျောက်ကြော မြေစာထု ပြိုကျခဲ့သဖြင့် ၄ ဦး သေဆုံးခဲ့ကြောင်း ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။
မှော်ရှန်ကျေးရွာ၏ အနောက်ဘက် ခြောက်ဖာလုံခန့် အကွာ ဆုထူးပန် ကုမ္ပဏီ၏ လုပ်ကွက်အတွင်းရှိ ကမ်းပါးယံ အလျားပေ ၂ဝ ၊ ထု ပေ ၅ဝ ရှိ ကျောက်ကြော မြေစာထုသည် ဇူလိုင်လ ၁၂ ရက်တွင် ညနေပိုင်းတွင် အမြင့်ပေ ၁၅ဝ ခန့် မှ အောက်ခြေ ရေကန် အတွင်းသို့ ပြုတ်ကျခဲ့ရာ ယင်းကမ်းပါးယံတွင် ရေမဆေး ကျောက်တူးဖော်နေသူ လေးဦးသည် ရေလှိုင်းပုတ်၍ ရေကန်အတွင်းသို့ ပြုတ်ကျ ပျောက်ဆုံး ခဲ့ပြီး ၃ ဦးမှာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြသော်လည်း အခင်းဖြစ်ပွား ရာ ကမ်းပါးယံသည် ထပ်မံပြိုကျမည့် အ္တရာယ်ရှိနိုင်သောကြောင့် ညပိုင်း အချိန်တွင် ရှာဖွေမှု ရပ်နားခဲ့ကြောင်း သိရသည်။(Xinhua)