Connect with us

Environment, Disasters & Accidents

အမြန်လမ်း၌ ခရီးသည်တင်ယာဉ်များ အရှိန်လွန် မောင်းနှင်မှုအား ဖုန်းခေါ်ဆို သတိပေးမှု ဇွန်လ အတွင်း အကြိမ်ရေ ၁၇၈၁ ကြိမ် ရှိ

ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်မတော်တဆ ဖြစ်ပွားမှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-Ministry of Construction)

ရန်ကုန် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံမှု ရှိစေရေး အတွက် ခရီးသည်တင် ယာဉ်များ အရှိန်လွန် မောင်းနှင်မှုအား ဖုန်းခေါ်ဆို သတိပေးမှုမှာ ဇွန်လ အတွင်း အကြိမ်ရေ ၁၇၈၁ ကြိမ် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ၊ ဘေးအန္တရာယ် ကင်းရှင်းရေး စောင့်ကြည့်ခြင်း ယူနစ်(Safety Inspection Unit) အနေဖြင့် ဇွန်လ အတွင်း ယာဉ်လမ်းကြောင်း သတင်းအချက်အလက် ပေးပို့ရေး စင်တာ(Traffic Information Center)မှ ရေဒီယို အချက်ပြ (Telematics Device) စနစ်ဖြင့် သတိပေး ရသည့် ယာဉ်လိုင်းမှာ ၇၂ လိုင်း ရှိခဲ့ပြီး ယာဉ်စီးရေ ၃၀၁ စီး ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက် အထိ စုစုပေါင်း ၃၁၉ မှု ဖြစ်ပွားခဲ့ပြီး Light Truck ယာဉ်မတော်တဆမှုမှာ ၉၁ မှု ဖြစ်ပွားခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၂၈.၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.